🎭🎭🎭#အဓမ္မဝါဒီဆိုတာ_ဘာလဲ …???🎭🎭
တိပိဋက >>> သုတ္တန်ပိဋက >>> အဂုင်္တ္တရနိကာယ်
အင်္ဂုတ္တိုရ် ပါဠိတော် >>> ဧကကနိပါတ် >>>
(၁၁) အဓမ္မဝဂ် / (၁၂)အနာပတ္တိဝဂ် 👉👉👉
အဓမ္မဝါဒီ (၁၈) ပါး 👉👉👉
(၁)
ရဟန်းသည်တရားမဟုတ်သည်ကိုတရားဟုပြသည်။
(၂)
တရားကိုတရားမဟုတ်ဟုပြသည်။
(၃)
ဝိနည်းမဟုတ်သည်ကိုဝိနည်းဟုပြသည်။
(၄)
ဝိနည်းကိုဝိနည်းမဟုတ်ဟုပြသည်။
(၅)
မြတ်စွာဘုရားမဟောအပ်မပြောအပ်သည်ကို
မြတ်စွာဘုရားဟောအပ်ပြောအပ်သည် ဟုပြသည်။
(၆)
မြတ်စွာဘုရားဟောအပ်ပြောအပ်သည်ကို
မြတ်စွာဘုရားမဟောအပ်မပြောအပ်သည် ဟုပြသည်။
(၇)
မြတ်စွာဘုရား၏အလေ့အကျင့်မဟုတ်သည်ကို
မြတ်စွာဘုရား၏အလေ့အကျင့်ဟုပြ သည်။
(၈)
မြတ်စွာဘုရား၏အလေ့အကျင့်ကို
မြတ်စွာဘုရား၏အလေ့အကျင့်မဟုတ်ဟုပြသည်။
(၉)
မြတ်စွာဘုရားမပညတ်အပ်သည်ကို
မြတ်စွာဘုရားပညတ်အပ်သည်ဟုပြ၏။
(၁၀)
မြတ်စွာဘုရားပညတ်အပ်သည်ကို
မြတ်စွာဘုရားမပညတ်အပ်သည်ဟုပြ၏။
(၁၁)
အာပတ်မသင့်သည်ကိုအာပတ်သင့်သည်ဟုပြသည်။
(၁၂)
အာပတ်သင့်သည်ကိုအာပတ်မသင့်သည်ဟုပြသည်။
(၁၃)
လေးသောအာပတ်ကိုပေါ့သောအာပတ်ဟုပြသည်။
(၁၄)
ပေါ့သောအာပတ်ကိုလေးသောအာပတ်ဟုပြသည်။
(၁၅)
အကြွင်းရှိသောအာပတ်ကို
အကြွင်းမရှိသောအာပတ်ဟုပြသည်
(၁၆)
အကြွင်းမရှိသောအာပတ်ကို
အကြွင်းရှိသောအာပတ်ဟုပြသည်။
(၁၇)
မရုန့်ရင်းမကြမ်းတမ်းသောအာပတ်ကို
ရုန့်ရင်းကြမ်းတမ်းသောအာပတ်ဟုပြ သည်။
(၁၈)
ရုန့်ရင်းမကြမ်းတမ်းသောအာပတ်ကို
မရုန့်ရင်းကြမ်းတမ်းသောအာပတ်ဟု ပြသည်။
ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏
အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ
လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ
ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။
ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော
အကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊
ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။
🌊🌊🌊🌊 🎭🎭🎭🎭 💦💦💦💦
🌊🌊🌊🌊 🎭🎭🎭🎭 💦💦💦💦
🎭🎭🎭🎭 #အဓမ္မဝါဒီနှင့်ဓမ္မဝါဒီ_ပရိတ်သတ်🎭🎭🎭🎭
သုတ္တန်ပိဋက >>> အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် >>>
ဒုကနိပါတ် >>>(၁)ပဌမပဏ္ဏာသက >>>
(၅)ပရိသဝဂ် >>>
ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။
အဘယ်နှစ်မျိုးတို့နည်းဟူမူ 👉👉👉
တရား မဟုတ်သည်ကို ဆိုလေ့ရှိသော
'အဓမ္မဝါဒီ' ပရိသတ် လည်းကောင်း၊
တရား ဟုတ်သည်ကို ဆိုလေ့ ရှိသော 'ဓမ္မဝါဒီ'
ပရိသတ် လည်းကောင်းတို့တည်း။
(၁)
ရဟန်းတို့...
တရားမဟုတ်သည်ကို ဆိုလေ့ရှိသော
'အဓမ္မဝါဒီ' ပရိသတ်ဟူသည် အဘယ်နည်း…???
ရဟန်းတို့ ဤသာသနာတော်ဝယ်
အကြင် ပရိသတ်၌ ရဟန်းတို့သည် တရားနှင့် လျော်သော
အဓိကရုဏ်းကို သော်လည်းကောင်း၊ တရားနှင့် မလျော်သော
အဓိကရုဏ်းကိုသော် လည်းကောင်း ယူကုန်၏၊
ထိုရဟန်းတို့သည် ထိုအဓိကရုဏ်း ကို ယူ၍
အချင်းချင်း သိရှိနားလည်ရန်လည်း မပြောကြားကုန်၊
သိရှိနားလည်ရန် ပြောကြားခြင်းငှါလည်း မစည်းဝေးကုန်၊
နှစ်သိမ့်ကြေအေးရန်လည်း မပြုကုန်၊ နှစ်သိမ့်ကြေအေးရန်
ပြုခြင်းငှါလည်း မစည်းဝေးကုန်။ ထိုရဟန်းတို့သည် သိရှိ နားလည်ရန်
ပြောကြားခြင်း အင်အားမရှိကုန် နှစ်သိမ့်ကြေအေးရန် ပြုခြင်း
အင်အားမရှိကုန် အဓိကရုဏ်းကို စွန့်ခြင်း၌ တိုင်ပင်ခြင်း မရှိကုန်မူ၍ ထိုအဓိကရုဏ်းကိုပင်လျှင် မှားသော မြင်ခြင်း၏ အစွမ်းအားဖြင့်
လည်းကောင်း၊ မှားသော သုံးသပ်ခြင်းအားဖြင့် လည်းကောင်း
သက်ဝင် စွဲလမ်း၍ ''ငါ့အယူသာ မှန်၏၊ တစ်ပါးသော
အယူသည် အချည်းနှီးတည်း'' ဟု ပြောဆိုကုန်၏။
ရဟန်းတို့ ဤပရိသတ်ကို တရား မဟုတ်သည်ကို
ဆိုလေ့ရှိသော 'အဓမ္မဝါဒီ' ပရိသတ် ဟူ၍
ဆိုအပ်၏။
(၂)
ရဟန်းတို့ ...
တရား ဟုတ်သည်ကို ဆိုလေ့ရှိသော
'ဓမ္မဝါဒီ' ပရိသတ် ဟူသည် အဘယ်နည်း…???
ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌
ရဟန်းတို့သည် တရားနှင့် လျော်သော အဓိကရုဏ်းကိုသော်
လည်းကောင်း၊ တရားနှင့် မလျော်သော အဓိကရုဏ်းကို
သော်လည်းကောင်း ယူကုန်၏။ ထိုရဟန်းတို့သည်
ထိုအဓိကရုဏ်းကို ယူ၍ အချင်းချင်း သိရှိ နားလည်ရန်လည်း
ပြောကြားကုန်၏၊ သိရှိ နားလည်ရန် ပြောကြားခြင်းငှါလည်း
စည်းဝေးကုန်၏၊ နှစ်သိမ့် ကြေအေးရန်လည်း ပြုကုန်၏၊
နှစ်သိမ့် ကြေအေးရန် ပြုခြင်းငှါလည်း စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် သိရှိ နားလည်ရန် ပြောကြားခြင်း
အင်အားရှိကုန်သည် နှစ်သိမ့်ကြေအေးရန် ပြုခြင်း
အင်အားရှိကုန်သည် အဓိကရုဏ်းကို စွန့်ခြင်းငှါ တိုင်ပင်ခြင်း
ရှိကုန်သည် ဖြစ်၍ ထိုအဓိကရုဏ်းကိုပင်လျှင် မှားသော မြင်ခြင်း၏
အစွမ်းအားဖြင့် လည်းကောင်း၊ မှားသော သုံးသပ်ခြင်းဖြင့်
လည်းကောင်း သက်ဝင် စွဲလမ်း၍ ''ငါ့အယူသာ မှန်၏၊
တစ်ပါးသော အယူသည် အချည်းနှီးတည်း'' ဟု မပြောဆိုကုန်။
ရဟန်းတို့ ဤပရိသတ်ကို တရား ဟုတ်သည်ကို
ဆိုလေ့ရှိသော 'ဓမ္မဝါဒီ' ပရိသတ် ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။
ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင်
တရား ဟုတ်သည်ကို ဆိုလေ့ရှိသော အကြင် 'ဓမ္မဝါဒီ' ပရိသတ်သည် ရှိ၏၊ ထိုပရိသတ်သည် မြတ်ပေသတည်း ဟု မိန့်တော်မူ၏။
Credit - The Great Buddha.
#မောင်သုခ_မျှဝေသည်။
No comments:
Post a Comment