Sunday, October 23, 2016

သာသနာ နှင့် ဒေသနာ

💢💢💢 ဒေသနာ နှင့် သာသနာ 💢💢💢

✨✨✨
ဒေသနာတွင် ဝေါဟာရဒေသနာ ပရမတ္ထဒေသနာဟူ၍
နှစ်ပါးရှိ၏။

ဝေါဟာရ ဒေသနာ ဆိုသည်မှာ လောက၌ ပုဂ္ဂိုလ်ရှိသည် |သတ္တဝါရှိသည် |အတ္တရှိသည် |ဇီဝရှိသည်ဟု လောကီဘုံသား
လူအများတို့ မှတ်ယူပြောဆိုနေကြသော စကားမျိုးသည်
ဝေါဟာရ ဒေသနာမည်၏။ထိုဝေါဟာရ ရှိသည့်အတိုင်း
ဟောကြားသော ဝိနည်းဒေသနာ သုတ္တန်ဒေသနာများသည်
ဝေါဟာရဒေသနာမည်၏။

ပရမတ္ထဒေသနာဆိုသည်မှာ လောက၌ ပုဂ္ဂိုလ်ဟူ၍မရှိlသတ္တဝါဟူ၍ မရှိ lဇီဝဟူ၍မရှိlရုပ်ဓါတ်အစု နာမ်ဓါတ်အစုမျှသာ
ရှိသည်ဟု ဟောတော်မူသော အဘိဓမ္မာဒေသနာသည်
ပရမတ္ထဒေသနာ မည်၏။

✨✨✨
သာသနာတွင် အဓိသီလသာသနာ l အဓိစိတ္တသာသနာ l
အဓိပညာသာသနာ ဟူု၍ သုံးပါးရှိ၏။

အဓိသီလသာသနာ ဆိုသည်မှာ သူ့အသက်ကို မသတ်အပ်
သူ၏ဥစ္စာကို မခိုးအပ် အစရှိသည်ဖြင့်ဆုံးမတော်မူသော
သာသနာသည် အဓိသီလ သာသနာမည်၏။

အဓိစိတ္တသာသနာ ဆိုသည်မှာ သဗ္ဗေသတ္တာ အဝေရာ
ဟောန္တု အဗျာပဇ္ဇာဟောန္တု အစရှိသည်ဖြင့် ပွါးများကြစေရန်
ဆုံးမတော်မူသော သာသနာသည် အဓိစိတ္တသာသနာမည်၏။

အဓိပညာသာသနာ ဆိုသည်မှာ ပုဂ္ဂိုလ် သတ္တဝါ ဇီဝဟူ၍မရှိ ရုပ်ဓါတ်အစု နာမ်ဓါတ်အစုသာရှိ၏။ထို ရုပ်ဓါတ်အစု နာမ်ဓါတ်အစုသည်လည်း အနိစ္စသာဖြစ်၏။ဒုက္ခသာဖြစ်၏။
အနတ္တသာဖြစ်၏ဟု ပွါးများကျင့်ကြံရန် ဆုံးမတော်မူသာ
သာသနာသည် အဓိပညာသာသနာမည်၏။

ထိုတွင် အဓိသီလသာသနာ အဓိစိတ္တသာသနာ နှစ်ပါးသည်
ဝေါဟာရဒေသနာ၏ ဆိုင်ရာဖြစ်၏။အဓိပညာသာသနာသည်
ပရမတ္ထဒေသနာ၏ ဆိုင်ရာဖြစ်၏။

ကျေးဇူးတော်ရှင် လယ်တီ ဆရာတော် ဘုရားကြီး
နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ် ။

ထေရဝါဒ အလင်းအိမ်မှ ကူးယူရေးသား
မျှဝေသည်။

No comments:

Post a Comment